မင်္ဂလာ ရှိတဲ့ နံနက် ခင်းလေးပါ ကျွန်တော် ဒီနေ့ Sharing လုပ်ပေးချင်တာကတော့ ယနေ့ခေတ်မှာ ဖုန်း အသုံးပြုသူတွေ များလာတာကြောင့် ဖုန်းကို လုံခြုံ စိတ်ချအောင်ဘယ်လို အသုံးပြုရမလဲ ဆိုတာကို sharing လုပ်ပေးပါမယ်
Mobile Phone ကိုအသုံးပြုရာတွင် လုံခြုံစိတ်ချရစေရန် ဆောင်ရွက်ခြင်း
===================================
အခုခေတ် phone တွေမှာ အရင်ကထက် နည်းပညာ တိုးတက်လာတာတွေကို ကျနော်တို့လဲ သိထားမိ မှာပါ User များရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီးတော့ ယခင်ကထက် နည်းပညာ ပိုင်းဆိုင်ရာမှာ ပိုမို တိုးတက်လာတာကို တွေ့ရမှာပါ
အခုလို phone တွေ အသုံးပြုလာတာနဲ့အမျှ Hacker များကလဲ Cyber Crime ဆိုင်ရာ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ဖို့ ပိုပြီးစိတိဝင်စားလာကြပါတယ်။ အဲ့တာကြောင့် မိမိ ဖုန်း အသုံးပြုတဲ့ အခါမှာ လုံခြုံစိတ်ချစွာ အသုံးပြုတာကလဲ အရေးကြီးလာပါတယ် နောက်တစ်ခု ဖုန်းအသုံးပြုတဲ့ User တွေကလဲ phone နဲ့ ပတ်သတ်ပြီး နည်းပညာ ဗဟုသုတ များစွာရှိဖို့လည်း လိုအပ်လာာပါတယ်။ဆိုတော့ ကျွန်တော် အောက်မှာ ဘာတွေ လိုက်နာရမလဲ ဆိုတာ အနည်းချင်း ဖော်ပြပေးထားပါတယ်။
၁။ လုံခြူံ စိတ်ချရသော နေရာမှ Application များကို သာ Install လုပ်ပါ
ဆိုလိုချင်တာက Android Application များ install လုက်တဲ့နေရာမှာ play store က လုံခြုံ စိတ်ချရဆုံးသောနေရာပါ။အဲ့တာကြောင့် Application များကို Install လုပ်တဲ့နေရာမှာ Google play store လို လုံခြုံ စိတ်ချရတဲ့ နေရာမှ သာ Install လုပ်သင့်ပါတယ်။အကယ်၍ တခြားနေရာမှ Application ကို install လုပ်မယ် ဆိုရင်လဲ မိမိ ဖုန်းအတွက် လုံခြုံ စိတ်ချရပါ့မလား အရင်စစ်ဆေးပြီးမှ Application ကို Install လုပ့်သင့်ပါတယ်။မိိမိ ထည့်သွင်းလိုက်တဲ့ Application ရဲ့ User Review နဲ့ Rating ကိုလဲ ထည့်ပြီး စဥ်စားပြီးမှ အဲ့ဒီ application ကို install လုပ်သင့်ပ့တယ်။
၂။ Application ကို Install မလုပ်ခင် permission ကို အရင်စစ်ဆေးပါ
Thirt party Application Market များမှ Application များကို Install လုပ်တဲ့ နေရာမှာ permission လိုအပ်သည့်အတွက် permission တောင်လာလျှင် မိမိ Install လုပ်မဲ့ Applicationနဲ့
မသက်ဆိုင်တဲ့ permission တွေ တောင်းလာပြီဆိုရင် များစွာ စဥ်းစားရပါတော့မယ်။ဥပမာ အနေနဲ့ မြင်သာအောင်ပြောရရင် မိမိ Install လုပ်မဲ့ Application က Calculator ကဲ့သိုသောApplication ဖြစ်နေတယ်ဆိုကြပါစို့ဗျာ Install လုပ်တဲ့နေရာမှာ Sms နှင့်ဆိုင်သော permission တွေ ၊ file နှင့်ဆိုင်သော permission တွေ ၊ camera နှင့်ဆိုင်သော permission တွေ တောင်းလာပြီဆိုရင် သေချာစဥ်းစားပြီးမှ Install လုပ်ဖို့ Permission ပေးဖို့ အကြံပြုချင်ပါတယ်။ ပေးလိုက်ရင် ဘာဖြစ်မာမို့လဲ ဆိုပြီး အကတ်ပြောလာနိုင်ပါတယ်
ဒါကတော့ ဆိုကျိုးကို နောက်နေ့မှ ပြန်ပြောပြပါမယ် သိတဲ့ လူလဲ သိကြမှာပါ။
ကဲ ဆက်ပြောမယ်ဗျ လမ်းချော်သွားမှာ စိုးတယ်ဗျာ
၃။ မိမိ အသုံးပြုနေသော Application များကို အမြဲ Up-to-date လုပ်ပါ
မိမိ အသုံးပြုနေတဲ့ phone မှာ အသုံးပြုတဲ့ application များအားလုံး Update ဖြစ်နေရန်မှာလဲ အမြဲ ဂရုစိုက်ရပါမယ်။ဒါမှသာ မိမိ phone ကို အသုံးပြုပြီး အားနည်းချက် များကနေ အန္တရယ်ပေးနိုင်တဲ့ Attacker များရန်မှ ကာကွယ်နိုင်မှာပါ ။
နောက် post မှာ ကျရင် ကျွန်တော် မိမိ Application များကို ဘာကြောင့် Update လုပ်သင့်လဲဘဆိုတဲ့ ခေါင်းစဉ် နဲ့ post တစ်ခု ထပ်ရေးပါမယ် အဲ့ ဒီကျမှ အသေးစိတ်ပြန်ဖတ်ပါ
နောက်တစ်ခုဆက်သွားမယ်ဗျာ
၄။ Anti-virus Application များကို Install လုပ်ထားပါ
မိမိ ဖုန်းကို ကာကွယ်နိုင်ရန် အတွက်လဲ Anti virus application များကိုလဲ install လုပ်ရန် လိုအပ်ပါတယ်။ဒါပေမဲ့ အခုနောက်ထွက်လာသော phone အမျိုးစားတွေမှာ Anti virus application တွေကို Auto ထည့်သွင်းပေးထားပါတယ်။မပါသေးရင်တော့ ထည့်ထားပါ။Anti virus application ကို install တင်ထားခြင်းက မိမိ ဖုန်းထဲမှာ ဝင်ရောက်လာမဲ့ Virus တွေကို ကာကွယ်နိုင်မှာပါ။နောက်တစ်ခု မိမိ install လုပ်ထားတဲ့ Anti Virus application ကလဲ အမြဲ Update ဖြစ်နေဖို့ များစွာလိုအပ်ပါတယ်
၅။ မိမိ ဖုန်းကို password or pin ထားရှိပါ
ဒါကတော့ ထွေထွေ ထူးထူး မရေးတော့ပါဘူး။ဒီနည်းကတော့ ယနေ့ခေတ်လူတွေ တော်တော်များများ လဲ အသူံးပြုနေကြလို့ပါ။အခုနောက်ထွက်လာတဲ့ ဖုန်းတွေဆိုရင် Finger lock,Face lock,Voice lock ဆိုပြီးများစွာ တိုးတက်လာပါတယ်။ ဒီနည်းကတော့ လူတိုင်းသိကြလို့ သိပ်ပြီးမပြောလိုတော့ပါဘူး စာလည်းရှည်နေတော့ ငြီးငွေ့ သွားမှာစိုးပါတယ်
နောက်တစ်ခု
၆။ မိမိ phone မှာရှိတဲ့ Data တွေကို Backup လုပ်ထားပါ
Phone အများစုနဲ့ Tablet များမှာ Data တွေကို အလွယ်တကူ Back up လုပ်ဖို့ Features တွေ ပါဝင်ပ့တယ်။မိမိ ဖုန်းမှာ ရှိတဲ့ Data တွေ မတော်တဆ ပျက်သွားခဲ့သည်ဖြစ်စေ ၊ မိမိ ဖုန်းပျောက်သွားခဲ့ သည်ဖြစ်စေ Data များကို Google Drive ကဲ့သိုသော cloid service များမှာ back up လုပ်ထားခြင်းက မိမိ ဖုန်းမှာ ရှိတဲ့ Data တွေ ကို ပြန်လည်ရရှိနိုင်မှာပါ
၇။ Banking နှင့် Shopping site များကို ဝင်ရောက်ပြီး Log out လုပ်ဖို့ မမေ့ပါနဲ့
Banking နှင့် Shopping site တွေ မိမိ အသုံးပြုပြီးတဲ့ အခါ မိမိ အကောင့် ကို Log out လုပ်ပြီးမှသာ ထွက်ပါ။
၈။ Wifi, Location sever နှင့် Bluetooth များကို အသုံးမပြုလျှင်ပိတ်ထားပါ
မိမိ အသုံးပြုနေသော wifi connection သည် လုံခြုံမှူ မရှိလျှင် မိမိ မသိလိုက်ပဲ Attacker,များက မိမိ ဖုန်းမှာ ရှိတဲ့ အချက်လက်တွေကို ခိုးယူသွားနိုင်သည့်အတွက် အသုံးမပြုလျှင် ပိတ်ထားပါ။
၉။ personal information တွေကို ဖုန်းထဲ မှာ မှတ်ထားခြင်းမျိူးမလုပ်ပါနဲ့
ဆိုလိုတာက မိမိဖုန်းပျောက်သွားခဲ့လျှင် မိမိ ဖုန်းမှာ မှတ်ထားတဲ့ information တွေကို တခြသူရသွားနိုင်ပါတယ်။ဥပမာ Banking information များ ၊ password များ
၁၀။ Redirect Link ကို အသုံးမပြုပဲ Original website link ကိုသာ အသုံးပြုပါ
ဆိုလိုတာကတော့ Redirect link တွေဆိုတာ ယနေ့ ခေတ် မှာ ခနခန မြင်နေရတဲ့ ငါးမြှားချိတ်ခေါ် plishing link တွေ လဲဖြစ်လာနိုင်ပါတယ်။
Plishing link တွေ အကြောင်းကို ကျွန်တော် နောက် post တစ်ခုမှာ ထပ်တင်ပေးပါမယ်။အဲ့ ကျမှသာ အသေးစိတ်ဖတ်ကြတော့ဗျာ။ဆက်မယ်ဗျာ ဆိုတော့ အဲ့လို link တွေ ဖြစ်လာနိုင်တာကြောင့် အဲ့ လို Redirect link တွေက မဝင်ပဲ Original website link တွေကနေပဲ ဝင်ရန်လိုအပ်ပါတယ်။ ဥပမာ ပြောရရင် Banking, Shopping. စတဲ့ website တွေ ကို သုံးတဲ့ အခါ တခြားလူ ပို့လိုက်တဲ့ Redirect link ကိုမသူံးပဲ original website link ကိုပဲ Browser ကနေပဲ သုံးကြဖို့ တိုက်တွန်ူချင်ပါတယ်။
ကဲဒီနေ့တော့ ဒီလောက်ပါပဲဗျာ
နောက်နေ့မှ ဆက်ကြစို့ဗျာ 😁😁
အော်ပြောဖို့ မေ့လို့
၁၂။ ကျနော်လဲ ကောင်မလေး ရှာပေးကြပါလို့
အကယ်၍ မိမိ အတွက်ရော တခြားလူအတွက်ရော အသုံးဝင်တယ်ဆိုရင်တော့ Sharing လုပ်သွားဖို့ လဲ မမေ့နဲ့နော် 🤩
#Mg Arkar Yan(ဝှက်ဖဲ)

No comments